Saturday, April 21, 2012

ရင်တွင်းစကား

ငါ့ဘ၀ရဲ့တနေ့တာအရှုံးဆုံးအလုပ်က
ချစ်သူမသိအောင် ချစ်ရသူကို
လွမ်းနေတာပါပဲ

ဒီလိုနဲ့ပေါ့
ချစ်သူကိုချစ်သူအဖြစ်
တိတ်တိတ်လေးလွမ်းနေခဲ့တာတောင်
ချစ်သူကသိလိုက်မှာမဟုတ်ဘူး

နားလည်ပေးပါ...................လမင်းလေးရယ်
နင့်မျက်နှာမြင်ချင်လွန်းလို့
ငါ့မျက်လုံးတွေ အခါခါ မှိတ်ခဲ့ရတာကို
ငါ့ကိုယ်ငါပဲသိပါတယ်

ငါ့ကိုကျေးဇူးပြုပြီး...........မမုန်းလိုက်ပါနဲ့
နင့်ရဲ့ အပြုံးကြောင့်ငါ့ရင်ထဲက
နှံလုံးသားကြယ်လေးကြွေသွားတဲ့
အကြောင်းငါ့သူငယ်ချင်းတွေကိုပြောပြချင်လို့

အရာရာဟာ.......စနစ်တကျနဲ့အစီအစဉ်တကျမှားယွင်းနေတာပါပဲ
ကောင်မလေးရယ်............သေချာတာ(မှားတယ်၊မှန်တယ်၊အပထား)
မင်းအတွက်ကိုယ်အမြဲရှိနေမှာပါ

ကြယ်စင်တွေဘယ်လောက်လင်းပါတယ်ပြောပြော
ဘယ်လောက်ပဲတောက်ပတောက်ပ
ကိုယ်မင်းကိုချစ်တဲ့အချစ်အလင်းရောင်ထက်
မမှီနိုင်ပါဘူးကွာ......................

No comments:

Post a Comment