Wednesday, November 23, 2011

နောက်ဆုံးအမည်စာရင်း

ငါချစ်သလောက်
မင်း ..မချစ်ရင် နေပါ။
ငါချစ်တာကို
မင်း .. သိပါ။
ငါလွမ်းသလောက်
မင်း .. မလွမ်းရင် နေပါ။
ငါ လွမ်းတာကို
မင်း .. သိပါ ။
ငါမြတ်နိုးသလောက်
မင်း ..မမြတ်နိုးရင်နေပါ
ငါ့မြတ်နိုးမှုတွေကို
မင်းမြင်ပါ ။
ငါချစ်သလောက်
ငါ .. လွမ်းသလောက်
ငါ .. မြတ်နိုးသလောက်
မင်းမသိရင်နေပါ ။
ငါ့နာမည်ကို
မင်း .. မေ့မသွားရင်
ကျေးဇူးအထူးတင်ရှိပါကြောင်း ။

အတွေး ကမ္ဘာ ငယ်လေး................

*မနက်မိုးလင်းမှာ
ငါ ဆိုငြီးနေကျ တေးသွားတစ်ပုဒ်ထဲက
အလှဘုရင် မဖုရားလေးတစ်ပါးက
မင်းတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင်...
*မနက်မိုးလင်းမှာ
အရှေ့ နေ၀န်းဆီက ရောင်ဝါ တစ်လုံးနဲ့ 
ကမ္ဘာတစ်ဝှမ်းလုံးကို ပြုံးမျက်နှာ တန်ဆာဆင်လို့ 
ထွက်စလုလုပြုနေတဲ့ နေမင်းကြီးက
မင်းရဲ့  မျက်ဝန်းတစ်စုံလေးသာ ဖြစ်ခဲ့မယ်ဆိုရင်....
*မနက်မိုးလင်းမှာ
ကျေးဌက်မျိုးစုံ တေးသီဆိုလို့ 
ခွန်းဆင့်စကား ငါကြားလိုက်ရတဲ့ သံစဉ်က
မင်းရဲ့  စကားသံလေးသာ ဖြစ်ခဲ့မယ်ဆိုရင်...
*မနက်မိုးလင်းမှာ
ငါ အမြတ်တနိုးနဲ့ နမ်းရှိုက်နေကျ
စံပယ်ဖြူဖြူ ပန်းလေးတစ်ပွင့်က
မင်းရဲ့ (......) လေးသာ ဖြစ်ခဲ့မယ်ဆိုရင်...
မနက်မိုးလင်းမှာ
.............
..........................
..............................
.......
..............................
.....
..............................
...................။ ။

............လေလွင့်ဌက်ရဲ့စေတသိပ်များ..............

လေလွင့်ငှက်ရဲ့ စေတသိက်များ....။
ဆန္ဒတွေ ခါးတဲ့နေ့မှာ
နာရီသေ အချိန်ချဲ့
သောကငှက် ဌာနေပျောက်တယ်.........
မပြည့်ဝရာ မလောက်ငှရာ
ဆင်းရဲမှု့ရှာ ဟန်ဆောင်လောကမှာ
ရယ်သံတွေ........ငိုသံတွေ.......
အောင်မြင်မှု့တွေ........ကျရှုံးမှု့တွေ......
အမည်မဖော်နိုင်တဲ့ ချစ်ခြင်းတွေ......
ဘ၀တွေသွားရာ အရိပ်လို လိုက် ခစား......
ဟိုနေရာမှာလား....
ဒီနေရာမှာလား......
ဒဏ်ရာမဲ့အလှများရယ်လို့
ဘယ်အရာကမှ မယ်မယ်ရရ မရှိ.......
ဒီတော့......
မီးရောင်စုံ လူ့ဘုံအလယ်က
မပြီးနိုင်တဲ့ တစ်ခန်းရပ်ပြဇတ်
အပြုံးနဲ့ဆက်မလား.......
အမုန်းဖက် သေမလား......
ပန်းတို့ရဲ့ ဗေဒစကား အပြစ်မဲ့ ကဗျာများနဲ့ပဲ ရှေ့ဆက်မလား.....
မွေးခြင်းနဲ့သေခြင်းကြား
ပန်းတိုင်နဲ့မနီးခင်မှာ စဉ်စား.....
လေလွင့်ငှက်ရဲ့ မြေကျစေတသိက်များ......
ဝေးလွင့်လို့ခါး.....အပါးတော်မြဲဖို့သာ ကြိုးစားတော့..............။

ကျွန်တော်သိသော......အချစ်ဆိုတဲ့အရာ

အင်တာနက်ထဲက၊သူငယ်ချင်းတစ်ယောက်ကမေးတယ်
အသက်လဲရလာပြီ၊ဘာကြောင့်အချစ်ကဗျာတွေရေးနေတာလဲတဲ့
ဒါကြောင့်မို့၊ကျွန်တော်သိတဲ့၊အချစ်ကိုပြောပြမယ်နော်-----

လူတွေရဲ့ဖြစ်တည်ရာ၊အခြေခံဟာအချစ်
-စာနာတာဟာအချစ်

-ကူညီတာဟာအချစ်

-ပေးဆပ်တာဟာအချစ်

-တမ်းတတာလည်းအချစ်

-လွမ်းရတာလည်းအချစ်

-ပျော်စေတာလည်းအချစ်

-ငိုစေတာလည်းအချစ်

ဘာကြောင့်လည်းဆိုတော့
အချစ်ဆိုတာ၊ဖြူစင်ပါတယ်
အချစ်ဆိုတာ၊အေးမြပါတယ်
အချစ်ဆိုတာ၊ငြိမ်းချမ်းပါတယ်
အချစ်ဆိုတာ၊နူးညံ့ပါတယ်
အချစ်ဆိုတာ၊သန့်ရှင်းပါတယ်
မှန်တာပြောရရင်
အချစ်ဆိုတာ၊ဟင်းကောင်းတစ်ခွက်ပါ
စားတဲ့သူရဲ့၊အပေါ်မှာ၊မူတည်တာပါ
လောဘစိတ်နဲ့၊စားတော့အစာမကြေတာပေါ့
ဒေါသစိတ်နဲ့စားတော့၊လျှာကိုက်မိတာပေါ့
မောဟစိတ်နဲ့စားတော့၊အရသာမသိဘူးပေါ့
တကယ်တော့
မရိုးနိုင်တာအချစ်
မဟောင်းနိုင်တာအချစ်
မပျက်ပြယ်နိုင်တာအချစ်
သံသရာကိုလည်ပတ်စေတာအချစ်
လူ့ဘ၀ကိုဖွံ့ဖြိုးစေတာအချစ်
ဒါကြောင့်မို့
အချစ်ကို၊မေတ္တာနဲ့ပေါင်းစပ်ရင်
အချစ်ကိုစေတနာနဲ့ပေါင်းစပ်ရင်
အချစ်ကိုဂရုဏာနဲ့ပေါင်းစပ်ရင်
အချစ်ကိုမုဒိတာနဲ့ပေါင်းစပ်ရင်
ရခဲလှတဲ့၊လူ့ဘ၀မှာ
ပျော်စရာအပြည့်နဲ့
မင်္ဂလာနေ့များစွာကို
ချစ်သူငယ်ချင်းဖြတ်ကျော်နိုင်မှာပါ။

မင်းအနားမှာ............နေချင်လို့ပါ

   မသင်ပဲ တတ်တဲ့ ပညာ

      မမြင်နိုင်ပဲ လွမ်းတတ်တဲ့ ငါ့ရဲ့  အကြင်နာ

      ပြုစားရက်တဲ့ မင်းရဲ့  အပြုံး

      ပစ်မသွားနိုင်အောင်ချွဲတတ်တဲ့ မင်းရဲ့ အပြောနဲ့ 

      စုံမက်ခဲ့တဲ့ မင်းရဲ့  မျက်ဝန်းတွေက

      ငါ့ကို မင်းအနားရောက်စေဖို့ 

      ခြေတစ်လှမ်းတိုးစေခိုင်းတာပဲ...

.။
*     ဒါပေမဲ့ ခုတော့...

      မသက်ဆိုင်သလို ဆက်ဆံနေတတ်ပြီပေါ့လေ...

      တကယ်တော့ မင်းမှာ အပြစ်မရှိပါဘူး

      ငါသာတစ်ဖက်သတ်မျှော်လင့်ချက်တွေနဲ့ 

      မျှော်လင့်ရင်း ရူးနေသူတစ်ယောက်ပါ....။
   မင်းဘက်က သက်ဆိုင်မှု မရှိပေမဲ့

       ငါက မင်းနဲ့  ပတ်သတ်ချင်နေမိမှတော့

      ခုတော့ ငါတစ်ယောက်တည်း လွမ်းနေမိတာမဆန်းပါဘူးနော်....။
*     ဒါပေမဲ့ကွာ
      အရေးကြီးတဲ့ စကားတစ်ခွန်းကိုတော့
      စိတ်လိုက်မာန်ပါနဲ့  မငြင်းဆိုလိုက်ပါနဲ့ ...

*     မချစ်နိုင်သေးတာကို နားလည်ပါတယ်
      မဖြစ်နိုင်ဘူးဆိုတာတော့ မဆိုလိုက်ပါနဲ့ ...
      ငါ့ အဖို့ ဖြစ်နိုင်တာလေးကို
      ဖြစ်တန်စွမ်းရှိအောင် ကြိုးစားခွင့်လေးပြုပါ
      ငါ မင်းကို တန်ဖိုးထားချစ်ခဲ့မိလို့ ပါ....။

အင်တာနက်(Internet) သံယောဇဉ်

မတွေ့မမြင်ရပေမဲ့
ခင်မင်တာက၊အဓိက။
သိကြတာ၊မကြာသေးပေမဲ့
အတွေးတွေက၊အတူတူ
အယူအဆက၊တစ်ထပ်တည်း။
တစ်ရပ်ကွက်ထဲ၊အတူမနေခဲ့ရခဲ့ပေမဲ
တစ်အူတုံဆင်း၊မောင်နှစ်မရင်းပမာ
တိုင်ပင်ကြဆွေးနွေးကြ
ငြင်းခုံကြရင်းနဲ့၊ရင်းနှီးမှု့က
တိုင်းတာလို့မရ
နှိုင်းကာပြစရာကရှိမယ်မထင်။
တစ်နေ့၊မမြင်ရရင်
စိတ်တွင်၊တစ်ကမ္ဘာအဝေး
အတွေးတွေက၊ဒလစပ်နဲ့
မတ်တတ်ရပ်လို့၊လမ်းမှာငိုခြင်။
ကွန်နက်ရှင်၊မကောင်းရင်
တောင်းပန်ပြီး၊ဆိုင်တကာလှည့်။
ဆားမပါတဲ့၊ဟင်းတစ်ခွက်လို
ဆာပေမဲ့၊မစားခြင်။
ရိုးရိုးလေးပြောရရင်တော့
ဒါဟာအင်တာနက်သံယောဇဉ်။

တစ်စုံတစ်ယောက်သောချစ်ရသူလေးသို့...........

တစုံတစ်ယောက်သောချစ်ရသူသို့

ဘ၀မှာတွေ့ခဲ့တယ်

ရီစရာလဲပြောတတ်တယ်

ကွန်ပြူတာလဲကျွမ်းတယ်

စိတ်ရင်းလဲကောင်းတယ်

သိပ်ရင်းဖို့ကောင်းတယ်(ရင်းနှီးခင်မင်ရန်)

အဟောင်းတွေ၊အသစ်ဖြစ်ပြန်ပြီ

ဓါတ်ပုံမြင်ပြန်တော့၊ရင်ထဲမကောင်း

အချစ်ဟောင်းနဲ့တူလိုက်တာ၊

တစ်ပြေတစ်ရွာကလဲ၊ဝေးကွာ

မိုင်ပေါင်းကလဲ၊ကုဋေကုဋာ

တွေ့တော့ဘူးထင်ပါရဲ့

ဘ၀မှာ၊သည်တခါဘဲဆုတောင်းဘူးတယ်

နှစ်ပေါင်းတစ်ရာ၊မနေပါရစေနဲ့
အနှစ်သုံးဆယ်လောက်တော့၊ပြန်ငယ်ပါရစေ၊ဘုရား။