Saturday, October 29, 2011

တိတ်တခိုး

အကြည့်ချင်းတောင်မဆုံဝံ့သခင်


သခင်ရဲ့အလှမျက်နှာလေးကိုတစ်ခဏတာလေးဖြစ်ဖြစ်


ငေးကြည့်ရရင်ဖြင့်..........ဒီမှာတော့ဘ၀အလွမ်းတွေကိုချွေးသိပ်နိုင်သူပါ


သခင်အဲ့လိုပြောလို့သတ္တိမရှိလို့မဟုတ်..အပြုံးပန်းတွေနဲ့သခင်မျက်နှာကို


မညှိုးစေချင်လို့(အေးချမ်းတဲ့မျက်နှာလေးကိုပေါ့)


ချစ်ခြင်းအတွက်....အချစ်ခွန်အားတွေပေးပါ


သခင့်ရဲ့မာနဖ၀ါးအောက်မှာပြိုလဲခဲ့ရတဲ့ဝင့်သူလေးပါ......

.
နောက်ဆုံးအချိန်ထိမင်းသိသည်ဖြစ်စေမသိသည်ဖြစ်စေ


တိတ်တခိုးမြတ်နိုးခွင့်ရရင်ပဲကျေနပ်နေသူပါ


ကောင်မလေး

ကောင်မလေး.....စတွေ့တုန်းကတော့အမှတ်တမဲ့ပေါ့
အကြည့်ခြင်းဆုံရင်ခုန်မိ့တယ်
ကန်နဘေးက
ကောင်မလေးရယ်.........
လေပြေဝှေ့လို့
ဆံနွယ်လေမှာလွင့် လှပတဲ့အပြုံးပွင့်ပိုင်ရှင်
ကောင်မလေးတစ်ယောက်ကို
ကျွန်တော်ချစ်မိ့နေတော့....................
အိပ်မရတဲ့ အတွေးစများက
သူ့ပုံရိပ်ကို မြင်ယောင်မိ့တယ်။
တိတ်ဆိတ်တဲ့......ည
ရင်ခုန်သံထပ်တူမျှဖို့
သာယာတဲ့စန္ဒာကိုကြည့်ရင်း
ကောင်မလေးရဲ့အချစ်ကို
သက်ပြင်းလေးချလို့
မျှော်လင့်ချက်ပါးပါးလေးနဲ့
တောင်းခံပါရစေ

..........မျှော်လင့်နေသူလေးပါ........

လေပြေတစ်ချက်
မင်းရဲ့ဆံနွယ် လှုပ်ခတ်ယုံနဲ့
ငါ့ရင်ခွင်ထဲကို
မသိမသာ ချဉ်းကပ်လာတယ်.........
မခေါ်ဘဲ လာ
မနှင်ဘဲ သွား
မချစ်ခင်မှာ မုန်းရတယ်...........
အချစ်ကို သိဖို့ကြိုးစားချိန်မှာ
အလွမ်းတွေကို ထွေးပိုက်ကာ
ရင်တွင်းက ဝေဒနာကို
မျိုသိပ်ခံစားခဲ့ရတယ်........
ဘာတွေပဲဖြစ်ဖြစ်ပေါ့
မင်းဆီက အချစ်ကိုတော့
မျှော်လင့်ခွင့် မ၀ံ့မရဲလေးနဲ့
အဝေးက ချစ်နေခွင့်လေးကိုပဲ
မင်းလေး......
နားလည်စွာပေးနိုင်ပါစေ..............

ထွက်သွားပါရစေ........

ကောင်မလေးရယ်
ငါနင့်ကိုအရိုးသားဆုံး  အချစ်တွေနဲ့
ချစ်ခဲ့တာပါ

ရိုးသားမှု့ကိုတော့နာကျင်အောင်တော့
မလုပ်လိုက်ပါနဲ့လား

မင်းသေသေချာချာ စဉ်းစားကြည့်ပါ

ငါလိုချင်တာ မင်းရဲ့ အချစ်စစ် အချစ်မှန်ပါ
ဘယ်လိုပဲဖြစ်ဖြစ်ပါ


အလွမ်းဓာတ်ခံဆိုတာ
အမြဲရှိတဲ့ငါပါ
ဒါပေမဲ့လေ

အတိုင်းအတာရှိတာပေါ့
ဘယ်အရာမဆိုလေ
ငါ့အလွမ်းတွေကို
ငါခံနိုင်သလောက်တော့ ခံပေးပါ့မယ်
မခံနိုင်တဲ့တစ်နေ့တော့
ငါထွက်သွားပါရစေ။။။။။။။
ချစ်ရတဲ့သူလေးရယ်..........နော်