လေပြေတစ်ချက်
မင်းရဲ့ဆံနွယ် လှုပ်ခတ်ယုံနဲ့
ငါ့ရင်ခွင်ထဲကို
မသိမသာ ချဉ်းကပ်လာတယ်.........
မခေါ်ဘဲ လာ
မနှင်ဘဲ သွား
မချစ်ခင်မှာ မုန်းရတယ်...........
အချစ်ကို သိဖို့ကြိုးစားချိန်မှာ
အလွမ်းတွေကို ထွေးပိုက်ကာ
ရင်တွင်းက ဝေဒနာကို
မျိုသိပ်ခံစားခဲ့ရတယ်........
ဘာတွေပဲဖြစ်ဖြစ်ပေါ့
မင်းဆီက အချစ်ကိုတော့
မျှော်လင့်ခွင့် မ၀ံ့မရဲလေးနဲ့
အဝေးက ချစ်နေခွင့်လေးကိုပဲ
မင်းလေး......
နားလည်စွာပေးနိုင်ပါစေ..............
No comments:
Post a Comment