သိလား........ချစ်သူ.........
ကြယ်လေးတွေတောင်
မခို့တရို့အလင်းလေးတွေနဲ့
အပူအပင်ကင်းစွာ အိပ်စက်ကုန်ကြပြီ
အမှောင်ထဲမှာ ၀ံ့ကြွားစွာကခုန်မြူးတူးနေတတ်တဲ
့
ပိုးစုန်းကြူးတွေလဲ အိမ်ပြန်သွားကြပြီ
ဆောင်းရဲ့အအေးဓါတ်ကိုအားကိုးပြီး ကျဆင်းနေတဲ့
နှင်းစက်တွေလဲ မောဟိုက်ကုန်ကြပြီ
အထီးကျန်ဆန်တဲ့ မှိန်ပြပြဖယောင်းတိုင်လေးလဲ
အေးစက်စွာနဲ့ လောင်ကျွမ်းသွားပြီ
နင့်အကြောင်းအိပ်မက်ကလေးမျှော်ကိုးနေတတ်တဲ့
ငါ့အိပ်စက်ခြင်းတွေလဲ ခိုးယူခြင်းခံလိုက်ရပြီ
အော်....ချစ်သူရယ် ဒီလိုညမျိုးမှာပေါ့
မင်းရဲ့အပြုံးနုနုလေးအောက်မှာ ရင်ခုန်စွာ
တိုးတိုးလေးချစ်ခဲ့ဖူးတဲ့ငါ အခုတော့
တိတ်တိတ်ကလေး လွမ်းနေရပါလား.........။