လူရယ်လို့ဖြစ်လာ
ဘ၀မှာ၊လက်တွဲဖို့
ဒို့တစ်တွေအချစ်ကိုရှာကြတာ
သဘာဝတရား။
မေတ္တာလည်းထား
သစ္စာလည်းထားရင်ပျော်စရာပေါ့။
ဆိုးတူတူ၊ကောင်းတူတူ
မညည်းမညူ၊အနစ်နာခံပါမှ
တစ်ဘ၀သာမက
ဘ၀ပေါင်းများစွာ
အတူနေသွားနိုင်မယ်ထင်ရဲ့။
မင်းလဲကြိုးစား
ကိုယ်လည်းကြိုးစားမှာပါ
အချစ်မှာ
မညစ်ကြေး
မလိမ်ကြေး
သစ္စာနဲ့မေတ္တာပေးပြီး
အေးအတူ၊ပူအမျှ
နိဗ္ဗာန်အထိအတူသွားရအောင်နော်။
သူငယ်ချင်းများကိုလည်း
ကြွားခြင်တယ်လေ
စံပြအိမ်ထောင်သည်ဘ၀က
ဒါဘဲလို့။
ကြောက်စရာ၊ဘာမှမတွေးဘဲ
မင်းလဲရင်ကိုယ်ထူ
ကိုယ်လဲရင်မင်းထူ
အတူတူ၊ဘ၀လမ်း
လျှောက်လှမ်းကြရအောင်နော်၊အချစ် ....