Thursday, October 27, 2011

'မ..........နဲ့'

မခင်ပါနဲ့
ခင်ပြီးရင်မခွာတတ်လို့ပါ
မချစ်ပါနဲ့
ချစ်ပြီးရင်မမုန်းတတ်လို့ပါ
မခွဲပါနဲ့
ခွဲပြီးရင်ပြန်မတွေ့မှာစိုးလို့ပါ
မမေ့ပါနဲ့
မေ့ပြီးရင်ပြန်သတိမရမှာစိုးလို့ပါ
မမုန်းပါနဲ့
မုန်းပြီးရင်အမြဲတမ်းတကျန်တတ်လို့ပါ
"အာ.....စိုးရိမ်တတ်တာလွန်ရောလို့
မပြောပါနဲ့လားချစ်သူ"
မပြုံးပါနဲ့
ပြုံးပြီးရင်ဒီရင်ခွင်မှာထာဝရ
စွဲကျန်တတ်လို့ပါ
မလွမ်းပါနဲ့
လွမ်းပြီးရင်တမ်းတမ်မှု့တွေကုန်သွားမှာစိုးလို့ပါ
မရေးပါရစေနဲ့
ရေးမိ့ရင်ကဗျာဖြစ်သွားတတ်လို့ပါ
မညည်းပါရစေနဲ့
ညည်းမိ့ရင်သီချင်းဖြစ်သွားတတ်လို့ပါ
အင်း.........နားလည်မှု့တွေလည်းမရပ်လိုက်နဲ့
မေတ္ထာတရားတွေလည်းမလျှော့လိုက်နဲ့
အသည်းနဲ့ထပ်တူထာဝရရှိနေပါစေ
ချစ်ရတဲ့သူလေးသိပါစေလို့
မျှော်လင့်ချင်းများစွာနဲ့....................