မင်းကိုယ့်ကိုခွဲခွာသွားတဲ့အကြောင်းအရင်းကို
အသေအချာမသိခဲ့ပေမဲ့
အမှောင်လမ်းကနေအလင်းလမ်းကိုရွေးချယ်လိုက်တာပါပဲ
ဘာမှမမြင်ပဲသွားနေမယ့်အစား
ထင်သာမြင်သာတဲ့လမ်းကိုမင်းရွေးသွားခဲ့တာပဲ
အဲ့အတွက်ကျေးဇူးပါ.............
အချစ်ဆိုတာကိုကိုယ်ပြောနေကြပဲ
ပေးဆပ်ခြင်းပဲရယူခြင်းမှမဟုတ်တာပဲ
နှစ်ဖက်သားနာကျင်မယ့်အရာ
ကိုယ်မရွေးပါဘူးကိုယ်တစ်ဦးသာနာကျင်မယ့်အရာပဲရွေးလိုက်ပါ့မယ်
ဒီထက်ဆက်ပြီးမင်းကိုကပ်တွယ်မနေချင်တော့ပါဘူး
မင်းရွေချယ်တဲ့လမ်း
မင်းလိုချင်တဲ့မင်းတောင်းတတဲ့ဆန္ဒတစ်ခုအတွက်
ကိုယ့်နှံလုံးသားနာကျင်မှု့အားလုံးနဲ့ပေးဆပ်သွားလိုက်မှာပါ.........
ထာဝရသူငယ်ချင်းဆိုတဲ့အရာကိုပေါ့
ရင်နာစရာတစ်ခုကတော့
အဖြည့်ခံနှံလုံးသားဖြစ်ခဲ့တာပေါ့ကွာကိုယ့်နှံလုံးသားက
ကျိုးပဲသွားပြီ..........ကိုယ့်အတွက်ပီပြင်တဲ့အာရုံဦးလေး
ခဏတာလေးဖန်တီးပေးခဲ့ဖူးတဲ့မင်း ...........ကျေးဇူးပါ
မင်းအတွက်အမှောင်လမ်းကြီးဖန်တီးတဲ့ကိုယ့်ကိုမေ့လိုက်ပေါ့
မင်းပျော်ဖို့ကိုယ့်ခံစားချက်အရင်းခံတွေစတေးလိုက်လို့
ကိုယ်အားထားရတဲ့လက်ရွေးစင်နှံလုံးသားစစ်သူကြီးတိုက်ပွဲကျသွားပြီ
မင်းဘက်ကတော့ဘယ်လိုလဲမသိပေမဲ့........ဒီဘက်မှာတော့စစ်ရှုံးသွားပြီ
တော်ပါပြီနောက်ကြောင်းပြန်လှန်နေလို့ဘာမှမထူးတော့ပါဘူး .........
နောက်ဆုံးအနေနဲ့ ဆုတောင်းပေးလိုက်ပါတယ် တူသောအကျိုး
ဝဋ်မလည်ပါစေနဲ့နောင်သံသရာအထိပေါ့.......................
Saturday, April 21, 2012
.........ကောင်မလေး.......
ကောင်မလေးရယ်
ချိုသာတဲ့စကားလုံးတွေသုံးပြီး
မင်းနဲ့ငါ့ကြားက ဖြူစင်တဲ့အချစ်တွေကို
အရောင်မဆိုးလိုက်ပါနဲ့
မင်းတောင်းတမက်မောတဲ့အချစ်မျိုး
ငါ့ဆီမှာမရှိခဲ့ဘူး
ငါချစ်တဲ့အချစ်က ပေးဆပ်ခြင်းအချစ်
ငါ့ရဲ့ရင်ခုန်သံဟာ မင်းအတွက်ထာဝရပေးဆပ်ခြင်း
မင်းအတွက်ငါ့အပေါ်ထားတဲ့ရင်ခုန်သံက......
ထာဝစဉ်ဟုတ်မဟုတ်ငါမသိပါ
ဒီလိုပဲပေါ့မရေရာလှတဲ့အချိန်တွေမှာ
မင်းပျော်ရွှင်နေမယ့်အစား
နိုးထားလိုက်တော့ကောင်မလေးရေ
လှပတဲ့မနက်ခင်းမှာအချစ်တွေသယ်ပြီး
မင်းဆီကိုအရောက်လာလိမ့်မယ်
မင်းရဲ့ရင်ခွင်တံခါးသာဖွင့်ထားလိုက်ပါ
...........မျှော်လင့်ပါတယ်...........
ရင်တွင်းစကား
ငါ့ဘ၀ရဲ့တနေ့တာအရှုံးဆုံးအလုပ်က
ချစ်သူမသိအောင် ချစ်ရသူကို
လွမ်းနေတာပါပဲ
ဒီလိုနဲ့ပေါ့
ချစ်သူကိုချစ်သူအဖြစ်
တိတ်တိတ်လေးလွမ်းနေခဲ့တာတောင်
ချစ်သူကသိလိုက်မှာမဟုတ်ဘူး
နားလည်ပေးပါ...................လမင်းလေးရယ်
နင့်မျက်နှာမြင်ချင်လွန်းလို့
ငါ့မျက်လုံးတွေ အခါခါ မှိတ်ခဲ့ရတာကို
ငါ့ကိုယ်ငါပဲသိပါတယ်
ငါ့ကိုကျေးဇူးပြုပြီး...........မမုန်းလိုက်ပါနဲ့
နင့်ရဲ့ အပြုံးကြောင့်ငါ့ရင်ထဲက
နှံလုံးသားကြယ်လေးကြွေသွားတဲ့
အကြောင်းငါ့သူငယ်ချင်းတွေကိုပြောပြချင်လို့
အရာရာဟာ.......စနစ်တကျနဲ့အစီအစဉ်တကျမှားယွင်းနေတာပါပဲ
ကောင်မလေးရယ်............သေချာတာ(မှားတယ်၊မှန်တယ်၊အပထား)
မင်းအတွက်ကိုယ်အမြဲရှိနေမှာပါ
ကြယ်စင်တွေဘယ်လောက်လင်းပါတယ်ပြောပြော
ဘယ်လောက်ပဲတောက်ပတောက်ပ
ကိုယ်မင်းကိုချစ်တဲ့အချစ်အလင်းရောင်ထက်
မမှီနိုင်ပါဘူးကွာ......................
ချစ်သူမသိအောင် ချစ်ရသူကို
လွမ်းနေတာပါပဲ
ဒီလိုနဲ့ပေါ့
ချစ်သူကိုချစ်သူအဖြစ်
တိတ်တိတ်လေးလွမ်းနေခဲ့တာတောင်
ချစ်သူကသိလိုက်မှာမဟုတ်ဘူး
နားလည်ပေးပါ...................လမင်းလေးရယ်
နင့်မျက်နှာမြင်ချင်လွန်းလို့
ငါ့မျက်လုံးတွေ အခါခါ မှိတ်ခဲ့ရတာကို
ငါ့ကိုယ်ငါပဲသိပါတယ်
ငါ့ကိုကျေးဇူးပြုပြီး...........မမုန်းလိုက်ပါနဲ့
နင့်ရဲ့ အပြုံးကြောင့်ငါ့ရင်ထဲက
နှံလုံးသားကြယ်လေးကြွေသွားတဲ့
အကြောင်းငါ့သူငယ်ချင်းတွေကိုပြောပြချင်လို့
အရာရာဟာ.......စနစ်တကျနဲ့အစီအစဉ်တကျမှားယွင်းနေတာပါပဲ
ကောင်မလေးရယ်............သေချာတာ(မှားတယ်၊မှန်တယ်၊အပထား)
မင်းအတွက်ကိုယ်အမြဲရှိနေမှာပါ
ကြယ်စင်တွေဘယ်လောက်လင်းပါတယ်ပြောပြော
ဘယ်လောက်ပဲတောက်ပတောက်ပ
ကိုယ်မင်းကိုချစ်တဲ့အချစ်အလင်းရောင်ထက်
မမှီနိုင်ပါဘူးကွာ......................
Subscribe to:
Comments (Atom)