Saturday, April 21, 2012

.........ကောင်မလေး.......

ကောင်မလေးရယ် ချိုသာတဲ့စကားလုံးတွေသုံးပြီး မင်းနဲ့ငါ့ကြားက ဖြူစင်တဲ့အချစ်တွေကို အရောင်မဆိုးလိုက်ပါနဲ့ မင်းတောင်းတမက်မောတဲ့အချစ်မျိုး ငါ့ဆီမှာမရှိခဲ့ဘူး ငါချစ်တဲ့အချစ်က ပေးဆပ်ခြင်းအချစ် ငါ့ရဲ့ရင်ခုန်သံဟာ မင်းအတွက်ထာဝရပေးဆပ်ခြင်း မင်းအတွက်ငါ့အပေါ်ထားတဲ့ရင်ခုန်သံက...... ထာဝစဉ်ဟုတ်မဟုတ်ငါမသိပါ ဒီလိုပဲပေါ့မရေရာလှတဲ့အချိန်တွေမှာ မင်းပျော်ရွှင်နေမယ့်အစား နိုးထားလိုက်တော့ကောင်မလေးရေ လှပတဲ့မနက်ခင်းမှာအချစ်တွေသယ်ပြီး မင်းဆီကိုအရောက်လာလိမ့်မယ် မင်းရဲ့ရင်ခွင်တံခါးသာဖွင့်ထားလိုက်ပါ ...........မျှော်လင့်ပါတယ်...........

No comments:

Post a Comment