Saturday, November 19, 2011

ပထမဆုံးသော ခြေလှမ်း

"ငါသည် ကျောင်းဝန်း 2011 အတွင်း
အမှတ်မထင် သူလေး ရုပ်ကို
တွေ့ရ၊မြင်ရ၊ ဆုံတွေ့ရလို့
ရင်တွင်း အသည်းလွှာ တစ်နေရာမှာ
သူ သည် ဦးစွာနေရာ ရ၏ "
 *အကြင်နာ အရွယ်ရောက်လို့
ရင်ခွင်မှာ အမြစ်တွယ်ကာ
 တစ်ပြည် တစ်ရွာသူ မရွှေချောလေးကို
ရွှေရင်ဖိုသက် ချစ်ခဲ့မိပါ၏ ။ ။
သို့သော် ငါသည်
သူ့အတွက် မည်သည့်နေရာ ငါဆိုတာ
မသိခဲ့ပေမဲ့
သူ့အသည်းတွင် ငါ့ထက်အရင်
ဦးစွာ နေရာပေးခဲ့ဖူး၏ ။ ။
ဒီအကြောင်းကို သူပြောပြမှ ငါသိရလည်း
ပွင်လင်း ရိုးသား ဒီသဘောထားလေးကြောင့်
ရင်တွင်အသည်းလွှာ တစ်နေရာမှာ
သူ့ကို ခွါမထုတ် ထာဝရမှာ အဟုတ်ရယ်လို့
သူသိအောင် ဖွင်ပြောပြလိုက်ချင်ပါတယ်
(အသည်းနှံလုံးသား ရဲ့ အနက်ရှိုင်းဆုံးနေရာကနေ
ထွက်ပေါ်လာတဲ့ စကားတစ်ခွန်း ကိုပြောရမယ်ဆိုရင်တော့
ငါသူ့ကို အရမ်းကိုချစ်တယ်.......)
လေပြေလေအေး ညနေခင်းလေး
နှစ်ယောက် အတူ ဘီးကိုစီးလို့
ထီလာကန်နံဘေးတစ်လျှောက် 
အတူစီးဖူးတဲ့
နေ့လေးကိုဒီတစ်သက်မမေ့ချင်တော့
ပီတိတွေဖုံး တစ်မြို့လုံ အုံ့ ဆိုင်းသွားခဲ့ပါ၏ ။ ။
သိုသော်တမျှ ချစ်သတ္တိ ငါ့မှာ မရှိခဲ့လို့
ယိုစိမ့်ဆင်းလာ ရင်တွင်း အသည်းလွှာမှ
မေတ္တာ စကား မပါးခဲ့တာ 
သူလေး စိမ်းသွားမှာ ဆိုးလို့ပါ......။ 
အဲ့တာကိုအချစ်လို့ခေါ်ပါတယ်