မကြာခင်မှာပဲ သီတင်းကျွတ်ကာလကိုရောက်တော့မှာဖြစ်ပါတယ်သူငယ်ချင်းတို့ရေ
အချိန်နဲ့ဒီရေသည်လူကိုမစောင့် ဆိုသလိုပဲ အချိန်တွေ နေ့ရက် ၊နာရီ ၊စက္ကန့်တိုင်းသွားနေတယ်
ဒီလိုနဲ့ပဲ မွေးကတည်းကနေအခုထိ သီတင်းကျွတ်လပြည့်နေ့ကို ကြုံလာတာ အခုဆိုရင် ကျနော်ဟာ 19နှစ်တင်းတင်းပြည့်လို့ 20ထဲဝင်လာခဲ့ပါပြီ ဒီအတောအတွင်း 19နှစ်နဲ့အညီကြုံတွေ့ခဲ့ရတဲ့ သီတင်းကျွတ်များကတော့ လွမ်းစရာ ဆွေးစရာ များစွာနဲ့ပါ မြောက်များစွာပေါ့အတိုင်းမသိများတဲ့ ကေ့စ်တွေပဲ ကျနော် သီတင်းကျွတ်ရောက်တိုင်း ပျော်ရွှင်ခဲ့ရတဲ့နေရာလေးကတော့ ကျနော့်ဌာနေဖြစ်တဲ့ မိတ္ထီလာပေါ့နော် နှစ်တိုင်းပဲ ဆီမီးထွန်းဖြစ်တယ် ဗျောက်ကိုတော့ 10 နှစ်သားတည်းက ရိုးသွားတာပေါ့နော် အဲ့နောက်ပိုင်းမဖောက်ဖြစ်တော့ပါဘူး ဘုရားသွားဖြစ်တယ်အခုထိတော့ ဘုရားသွားရင် သူငယ်ချင်းတွေနဲ့ပေါ့ ချစ်သူရည်းစားကောင်မလေးတော့ မပါဖူးသေးပါဘူး (promotion) ၀င်တယ်မထင်ပါနဲ့ ဟဲဟဲ ဒီလိုပါပဲအခုထိတော့ ရှိတော့ရှိတယ်အနားမရောက်သေးဘူးပေါ့ ဟဲဟဲ သူငယ်ချင်းတွေအားလုံးလည်းပဲ သီတင်းကျွတ်ဆိုတော့ တချို့သူငယ်ချင်းတွေက မင်္ဂလာဆောင်သူဆောင် နိစ္စဓူဝမြောက်များစွာနဲ့ပဲ အားလုံးရပ်တည်နေကျတာပါပဲ အဲ့တော့ အားလုံးပဲ ပျော်ရွှင်ချင်းတွေ ယူဆောင်နိုင်ပါစေ ပျော်ရွှင်ချင်းတွေရနိုင်ပါစေ သူငယ်ချင်းပေါင်းမြောက်များစွာအားလုံး အားလုံးပဲ ပျော်ရွှင်သောသီတင်းကျွတ်လေးဖြစ်ပါစေလို့ ကျနော် ပင်လယ်မောင် ဒီကနေပဲ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်............ယနေ့မှစ နောင်နှစ်ပေါင်းခုနှစ်ဆယ် တိုင်ကြာအောင်အသက်လည်းရှည်ပါစေ...............................
Heart Museum
မာတိကာမဲ့သောအချစ်စာမျက်နှာများ..........
Friday, October 19, 2012
Friday, August 10, 2012
မင်းသိပါတယ်နော်
ချစ်သူရယ်...............စကားတတ်တိုင်းလူကိုမသတ်ပါနဲ့လား......မင်းထားခဲ့တဲ့
အချိန်ကစပြီးအလွမ်းတွေနဲ့နေ့တိုင်းသွေးမျက်ရည်တွေကိုငါ့နှံလုံးသားထဲမှာ
ရွာသွန်း လိုက်ပါတော့တယ်........ငါတို့ကြင်နာခဲ့ဖူးသမျှအရာအားလုံးကိုငါ့နှံလုံးသားထဲမှာ
ထုတ်ပြစ်ရလောက်အောင်ကိုယ့်မှာ သတ္တိမရှိသေးဘူးချစ်ရသူလေးရေ....ငါသိပ်ချစ်ခဲ့တဲ့ကောင်မလေး
ကိုယ့် ဆီပြန်လာဖို့အတွက် ခယနေတာ အပြစ်ရှိသလား......မိုးရေလေးရာ မရွာပါနဲ့လား
ငါဝမ်းနည်းပြီး ငိုချင်ပေမဲ့ ငါ့ချစ်သူမုန်းမှာစိုးလို့ ငါကိုယ်တိုင်ကြိတ်မှိတ်ပြီးဖြေသိမ့်ခဲ့ရသူမို့.......
မင်းရွာလိုက်တိုင်းရွာလိုက်တိုင်း ငါ့မျက်ရည်တွေနဲ့ရောသွားလို့ပါ.........
ငါတို့ရဲ့အချစ်ဇတ်လမ်းလေးက ပြီးဆုံးသွားခဲ့ပါပြီသို့ပေမဲ့ သံယောဇဉ်တွေရဲ့ကြိုးလေးကတော့
ဖြတ်လိုက်ရတာ မလွယ်ကူမှန်းတော့ မင်းသိပါတယ်နော်.................

ရင်ခွဲငှက်
ကိုယ့်ရင်အစုံကို စုံကန်လို့
ပျံသန်းတဲ့ ငှက်ငယ်လေး
အသစ်တွေ့လို့မေ့ပြီးဆိုရင်လည်း
စတေးခဲ့တဲ့ ငါ့ရင်ကို
မောပန်းရင်း နားခိုစရာ
အရိပ်တစ်ခုလို့သာ
သတ်မှတ်နိုင်ပါတယ်
မပြောင်းလဲတဲ့သစ္စာ
ခိုင်မာတဲ့မေတ္တာနဲ့
အဝေးကိုငေးတွေ့ရုံ
တစ်ခါတစ်ရံဆုံခွင့်ထက်
မျှော်လင့်ချက်မပိုခဲ့တာ
မင်းအသိဆုံးပါကွာ............
Thursday, August 2, 2012
အလွမ်းမျက်ရည်
ချစ်ခဲ့ရသူလေးရေ............
မင်းအတွက်သည်းတဲ့မျက်ရည်မြေမခပေမဲ့ 
ကိုယ့်ပါးပြင်တ၀ိုက်ရွှဲလို့ စိုလူး
ခေါင်းအုံးလေးလည်းမခြောက်သေးဘူး
ချစ်သူ
ရင်နင့်အောင်ချစ်ခဲ့လို့ 
အသည်းနင့်အောင်လွမ်းစေဖို့ 
အပူရုပ်ကိုဟန်လုပ်
နာကျင်စွာပြုံးတတ်ဖို့ သင်ပေးခဲလေ့သလား
ချစ်သူ
ငါသိပ်ချစ်တာမင်းနားလည်မယ်ဆိုရင်
အစဉ်အမြဲမတောင်းဆိုရဲ
တစ်ခါတစ်ရံတော့သတိရပေးရင်
အဝေးကငါမျက်ရည်တွေနဲ့ ကျေနပ်နေပါ့မယ်
ချစ်သူ
လောကကြီးကပြောင်းလည်း
ဘယ်အရာမှမတည်မြဲ
ဒါပေမဲ့ 
ငါ့အချစ်ကအနက်ရှိုင်းဆုံးမို့ {နက်ရှိုင်းခဲ့သမို့ }
မုန်းမမေ့ပစ်ပါနဲ့ ကောင်မလေးရယ်..........................

Thursday, July 19, 2012
မိုး.......................ချစ်သူ
မိုး၇ာသီကို သိပ်ချစ်တဲ..
တို.နှစ်ယောက်
အခု မိုးရာသီကို ရောက်လာတော.
ငါ အရမ်းမုန်းတီး နေခဲ.ပြီး.................. ချစ်သူ
မိုးရာသီမှာ တို.နှစ်ယောက်ကို
ဆုံးစည်းခွင်ပေးခဲ့ပြီး
ပျော်ရွှင်ကြည်နှူး မှု့ တွေပါ
ဖန်းတီးပေးခဲ့ပြီးမှ
ဘာကြောင့်
ဒီမိုးရေတွေက ရက်စက်စွာ
ငါသိမ့်ချစ်ရတဲ.့ မင်း ကို
ငါဘ၀ထဲက ဆွဲထုတ်ခေါ်ဆောင်သွားခဲ. ရတာလဲ...........မိုးရယ်
ငါလေ အခု မိုးရေတွေကြည့်ရင်
အရင်က ပျော်ခဲ့တာတွေ စဉ်းစားမိရင်
မင်းလဲ ကောင်းရာဘ၀ ကိုရောက်ပြီး
နောက်ဘ၀မှာ....
ငါတို. နှစ်ယောက်
ပြန်ဆုံးတွေ ပါစေလို့
ငါ မင်းအတွက် ဆုတောင်းပေးရင်
တစ်ချိန်က
မိုးကို အရမ်းချစ်ခဲ့ကြတဲ့
တို.နှစ်ယောက်.................
Saturday, July 14, 2012
.............မင်းစွန့်ခွာခဲ့လို့ပေါ့............
ငါမသိတာမဟုတ်ဘူး....................................နင်လိမ်တာပေါ်မှာစိုးလို့
မသိယောင်ဆောင်ပေးခဲ့တာပါ
ငါမချစ်တာမဟုတ်ဘူး..................................နင်တန်ဖိုးမထားတတ်လို့
ငါသံယောဇဉ်မပြရဲတော့တာပါ
ငါမင်းကိုမေ့သွားတာမဟုတ်ဘူး...................နင်ရက်စက်တဲ့အကြောင်း
တွေကိုပြန်မတွေးချင်တော့တာပါ......
မင်းငါ့ကိုလက်ခံဖို့ဆက်မပြေတော့ဘူး.........နင်စိတ်အနှောက်အယှက်
မဖြစ်အောင်ငါရှောင်ထွက်ပေးသွားတာပါ
ငါနင့်ကိုမမုန်းပါဘူးဒါပေမဲ့ ရှေ့ဆက်ပြီးငါ့နှံလုံးသားအကွဲခံပြီး
ဆက်မချစ်ရဲတော့လို့ပါ
ငါနင့်ကိုမခွဲချင်ပါဘူး.....................................ဒါပေမဲ့နင်စိတ်ချမ်းသာအောင်
ငါနောက်ဆုတ်ပေးလိုက်တာပါ......................
အခုဆိုနင်ဟာ...........................................အရင်တုန်းကလို
ငါ့နှံလုံးသားပိုင်ရှင်မဟုတ်တော့ဘူး...................အချိန်ကကုစားနေပြီ

Saturday, July 7, 2012
မင်း........နားလည်လာလိမ့်မယ်
မင်းကို မချစ်တဲ့သူနဲ့ တွေ့မှ ငါ့ရဲ့ အချစ်တွေက မင်းနားလည်လာလိမ့်မယ်
မင်းကို တန်ဖိုးမထားတဲ့သူနဲ့ တွေ့မှ ငါ့ရဲ့တန်ဖိုးထားမှု့တွေကို မင်းနားလည်လာလိမ့်မယ်
မင်းကို အနိုင်ယူတဲ့သူနဲ့တွေ့မှ ငါ့ရဲ့ အနစ်နာခံမှု့ တွေကို မင်းနားလည်လာလိမ့်မယ်
မင်းကို သစ္စာမရှိတဲ့သူနဲ့ တွေ့မှ ငါ့ရဲ့ သစ္စာတရားကို မင်းနားလည်လာလိမ့်မယ်
တစ်ချိန်ချိန်မှာ
နင်လှည့်စားခံရရင် ငါ့ရဲ့ ခံစားချက်ကို မင်းနားလည်လာလိမ့်မယ်
တစ်ချိန်ချိန်မှာ
နင် အသည်းခွဲခံရရင် ငါ့ရဲ့ ခံစားချက်ကို မင်းနားလည်လာလိမ့်မယ်
တစ်ချိန်ချိန်မှာ
နင့် လွမ်းတတ်လာရင် ငါ့ရဲ့ခံစားချက်ကို မင်းနားလည်လာလိမ့်မယ်
အဲ့ဒီအချိန်ကျမှ ငါ့မျက်ရည်တစ်စက်ရဲ့ နာကျင်ခံစားမှုကို......နားလည်လာလိမ့်မယ်.........။ ။
ငါမျှော်လင့်တာက ငါအဖြစ်အပျက်ဆိုးတွေကို နင်မကြုံရပါစေနဲ့လို့ ဆုတောင်းပေးချင်တယ်

Subscribe to:
Comments (Atom)