ရုန်းထွက်လို့မရခဲ့တဲ့
အပြုံးသဲ့သဲ့အောက်က
နှလုံးသားမဲ့ဘာသာစကားကို
နားရှိရင်တောင်
ငါ....
မကြားပါရစေနဲ့လား...မေ...,
ရင်ခုန်ရေစက်
အသည်းထက်မကွာ
ဘဝဆက်တိုင်း
ပေါင်းဖက်ဖို့ရည်စူး
စိတ်ကူးတွေထဲမှာ
ငါလေ....
ရက်စက်တက်သူရယ်လို့
အသည်းထက်အက္ခရာ
မတင်ရက်ဘူးမေ
အလွမ်းဝိဘတ်တွေနဲ့
သံယောဇဉ်ဖျက်သွားရင်
ခက်ရချည်ရဲ့....,
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့
မင်းရဲ့အရိပ်လေးအဖြစ်နဲ့
ခဏလေးပဲဖြစ်ခွင့်ရရင်
ငါလေ....
"ပြောခွင့်မရခဲ့သည့်
စကားတစ်ခွန်း
ချစ်သူနားဆင်ရင်ဖြင့်
ပြောခွင့်ရချင်မိပါသည်"....။ ။ ။
No comments:
Post a Comment