Thursday, March 8, 2012

သတိရတယ်အချိန်တိုင်းပဲချစ်သူ........................Su

နံနက်ခင်းမှာ
ကော်ဖီသောက်တဲ့အကျင့်လေးရှိတဲ့မင်းကို
ကော်ဖီတစ်ခွက်နဲ့အတူ
ချစ်သူကိုသတိရပါတယ်

နေ့လည်ခင်းအလုပ်များနေလည်းပဲ
သူလေးများထမင်းစားဖို့မေ့နေသလား
ကိုယ့်အတွေ့ထဲမှာသူဝင်လာပြန်တယ်
စိတ်ပူလာပြန်တယ်ချစ်သူ

ညနေစောင်းပြီးနေမင်းကြီး ချစ်သူလေးရဲ့ရပ်ကွက်
နောက်ထဲဝင်သွားရင်
မင်းနဲ့ဆုံဖို့အကြောင်းတွေးရင်း
ကွန်ပြုတာရှေ့မှာ
မင်းအပြန်အလာကိုစောင့်မျှော်ရင်း
ကိုယ်ပျော်တတ်လာပြီချစ်သူလေးရေ...........

သူလေးပြောတဲ့စကားတွေနားထောင်ရင်း
ကိုယ့်အလွမ်းတွေ နှစ်သိမ့်နိုင်ပြီ
ချစ်သူရဲ့ အယုအယတွေနဲ့
ကိုယ့်ညတွေလှပနေပြီ
ကောင်းသောညပါ ချစ်ရတဲ့သူလေးရေ

1 comment:

  1. ဟားးးးးး သတိရတယ်ဆိုပဲ
    အခုအချိန် နင်ဘယ်သူ့ကိုသတိရမှလဲ
    ပျေိာ်ရွှင်နေတဲ့အချိန်တုန်းကရေးထားတာဖြစ်မယ် ဟားဟား

    ReplyDelete