Monday, December 12, 2011

***အစွန်းရောက်အတ္တ***

တနေရာဆီ ခြားလို့

တမင်တကာမေ့တာလား

အသက်ရှိသရွေ့

သံသရာရှည်သလောက်

ချစ်နေဦးမယ်

ဂုဏ်ဓနတွေ အရောင်ဆိုးလို့

မှောင်စပြုသော အချစ်တစ်ခုဟာ

ငါ့ အတွက်တော့

မနက်ဖြန်တိုင်း အလင်းတန်းပေးသော

နေရောင်ခြည်ပေါ့

အချစ်ကို မကိုးကွယ်ပေးမယ့်

ဘ၀ရှိရင် အချစ်ရှိမှ

ဖြတ်သန်းလို့ကောင်းတယ်

အချစ်နဲ့ စစ်မှာ မတရာတာမရှိ

မြင်ကတည်းက ချစ်

ရင်ထဲထိ အမြစ်တွယ်လေတော့

ဆွဲနှုပ်ဖို့ ခက်ပြီပေါ့....။

No comments:

Post a Comment