Sunday, December 11, 2011

***ရင်နှင့် ရင်းတဲ့ရာသီ***

အလွမ်းတွေနဲ့ ဆုံစည်း ဝေးခဲ့တဲ့ ရာသီ

တစ်ကျော့ ချီလာပြန်ပြီနော်

ဆောင်းရဲ့ အငွေ့သက်ရတာနဲ့

လျော့ရဲတဲ့ တမ်းတမှု့တွေ ခေါင်းဆောင်လို့

မျှော်လင့်ချက်ဆိုတာ အသက်ဆက်ကြိုးမို့

ဆန္ဒနှင့် ဘ၀ ဆန့်ကျင်ဘတ်ဖြစ်မှာဆိုးတယ်

ခွဲခွာရခြင်းမှာ (ကျွန်တော်)ဆွေးရတယ်ဆို

ဘယ်တရားပါ့မလဲနော်

"ပြန်လာမယ်" ဆိုတဲ့ စကားတစ်ခွန်းကို

အဖန်ဖန်ကြားရောင်ရင်း

အလွမ်းသင့် နှလုံးသားက

မိုက်မဲစွာ ယုံကြည်နေချင်သေးတယ်

ဆုံစည်းခွင့်ဆိုတာ မရှိတော့ရင်လဲနေပါ

ရင်ထဲမှာ တစ်နေရာ ကိုယ့်အတွက် ရှိခဲ့တယ်ဆိုရင်

နှင်းမကင်းတဲ့ ဆောင်းတွင်းတိုင်းမှာလဲ

အလွမ်းနှင့် မကင်းတဲ့ ချစ်ခြင်းတွေကို

မက်မောစွာ ထွေးပွေ့ ထားဦးမှာ

ရင်တစ်ခုလုံးရင်းပြီးတော့ပေါ့နော် .....။

No comments:

Post a Comment