Tuesday, December 27, 2011

လျှောက်လဲချက်


ကွန်ပက်မပါတဲ့ ငါ့ဒိုင်ယာလော့ထဲမှာ

စိတ္တဇ ညတွေသာလွှမ်းမိုးနေခဲ့......



ဘဝက တိုက်ပွဲတစ်ခုတဲ့

တစ်ကယ်လို့  ငါရှုံးသွားခဲ့ရင်...

အမှန်တရားအတွက် လျော်ကြေး

ငါဘာကိုပေးရမလဲ...



ကောင်းကင်နဲ့ မြေကြီးအတွက်

မွေးဖွားခြင်းမဟုပ်တဲ့ ငါဟာ

အိုဇုန်းအငွေ့ တွေသာဖြစ်စေခဲ့တယ်....



ဆာဟာရထဲမှာ သစ်ပင်ပျိုးသလို

နေထွက်မှ မီးပွင့်တတ်တဲ့ငါဟာ..

'' ငါ '' ဆိုတဲ့ အတ္တကိုတောင်

မှန်နဲ့ ကြည့်လို့ မမြင်သလိုဖြစ်နေပြီ....

မိုးတိမ်နဲ့ သက်တန့် ပေါ်မှာ

လမ်းလျှောက်ချင်တယ်....

ဒါပေမဲ့...အိုမင်းနေတဲ့ ငါ့စိတ်နဲ့ 

အရောင်ဆိုးထားတဲ့ ငါ့ဟာမိုနီတွေ က

အယူခံပယ်ချခဲ့တယ်...



ငါ့ရာဇဝင်မှာတော့...

အခုထိ....

ဘဝနဲ့ ပါးစပ်ကထပ်တူကျတုန်းပါပဲ

အဲ့ဒီတော့လည်း......



ပူမှန်းသိလျက်နဲ့  မောဟကွယ်နေတဲ့

ငါ့အတ္တတွေကို တစ်ခုခုအတွက်

ထာဝရမဟုတ်တောင်...

ခဏတော့.....သိမ်းထားပါရစေ...


No comments:

Post a Comment