ချန်ရစ်ခဲ့မယ်ဆိုရင်
အစကတည်းက ဘာလို့ကြင်နာပြခဲ့သေးလဲ
မမေးရက်ခဲ့ဘူး
လမ်းဆုံးထိတူတူမလျှောက်နိုင်ခဲ့ဘူးဆိုရင်
အစကတည်းက လက်ကိုဘာလို့တွဲထားခဲ့သေးလဲ
မမေးရက်ခဲ့ဘူး.........
မင်းအတွက်ဖြေရခက်မှာစိုးလို့.....ဘာဆိုဘာမှမမေးရက်ခဲ့တဲ့ငါ့ကို
လမ်းခွဲချိန်မှာတောင်
ဘာလို့ဆိုတဲ့ မေးခွန်းကို မမေးဖြစ်ခဲ့ဘူး.........
အရာရာ မင်းအတွက် အမြဲတမ်းစဉ်းစားပေးခဲ့တဲ့ ငါ့ကို
အရာရာ မင်းအတွက် မင်းစဉ်းစားပြီး
ရက်ရက်စက်စက် ထားသွားခဲ့တယ်.............
ဘာလို့လဲ..........ငါမမေးရက်ခဲ့တော့ပါဘူးလေ...............................
မင်းကိုယ့်ကို ချစ်အောင်လုပ်နိုင်သလို ရင်ကွဲပြီး မုန်းအောင်လည်းလုပ်နိုင်ခဲ့တာပဲ
အခံရခက်တဲ့ စကားလုံးတွေနဲ့ ကိုယ်တစ်ဦးတည်းအထီးကျန်ချိန်မှာ မင်း
လုပ်ရက်လိုက်တာ အခုဆိုရင်တော့ အခုထိပေါ့ဟာ မုန်းလျှက်ချစ်နေတုန်းပဲ
အချိန်ကိုပဲအားကိုးပြီး မင်းကိုမေ့လိုက်နိုင်ဖို့ကြိုးစားမယ်
အဲ့အချိန်ကိုမျှော်နေရင်း.............
(၀ဋ်ကြွေးရှိရင်..........ဒီဘ၀ဒီမျှနဲ့သာ ကြေပါရစေတော့)
No comments:
Post a Comment