အမုန်းတွေနဲ့
အဆုံးသတ်
လမ်းကို
မျှော်ကာကြည့်မိရင်း
မင်းရက်စက်စွာ
ထားခဲ့တဲ့
ပုံရိပ်တို့
စွန်းထင်ပေကျံနေဆဲပါ..။
သုံးမရတဲ့
ငါ့နှလုံးသားလို့
မင်းနူတ်ကဆို
ငါ့ကို
ထားခဲ့
မလိုအပ်လို့
ပစ်ထား
အသုံးချခံ
ငါ့နှလုံးသားလဲ
မြောင်းထဲမှာ
ဖွတ်ဖွတ်ကိုကြေလို့..ပေါ့ ။
ညအခါ
ညနက် မိုးသောက်ယံ အထိ
ကဗျာလေးတွေကို
သီကုံး
မျက်ရည်လေးတွေ
စိုရွဲ
အပြင်မိုးလေးကို
ငေးကြည့်
စိတ်တဇ္ဇဆန်တဲ့
ညတွေမှာ
အသဲကွဲပန်းချီကားကို
ငါကိုယ်တိုင် ရေးဆွဲနေခဲ့မိတယ်..။
မျက်ရည်
တွေထဲ နစ်မြုပ်
ဘေးနံရံကိုကြည့်
မင်းအရိပ်
အောက်ကိုကြည့်
မင်းမျက်ဝန်း
အပေါ်ကိုကြည့်
မင်းအပြုံး
မာယာ
လှည့်စား အရူးလုပ်
တက်မြှောက်ထားပညာ
မင်းအသုံးချ
ကျန်ရစ်ရင်းဆွေး
ငါတစ်ယောက်တည်း
ရင်မှာခံစားလို့
၊ ငါငိုကြွေး
မည်သူမျှ
မသိ၊အခန်းကျဉ်းထဲ
တိတ်တိတ်လေးနှင့်သာ.......။
စူးရှကြေကွဲ
No comments:
Post a Comment