အချစ်သစ်ပင်စိုက်တဲ့ကောင်မလေးပေါ့မင်းက(တင်စားတာနော်)
ကိုယ်ငယ်စဉ်ဟိုးကလေးဘ၀ကတည်းကချစ်နေခဲ့တဲ့ကိုယ့်ကို
နှင်းဆီပမာအသည်းနှံလုံးမျိုးကိုကိုယ့်မိဘတွေအပြင်
မင်းကနှံလုံးသားကိုဒုတိယဖန်တီးသူလေးပေါ့
ကိုယ့်ဘ၀ထဲမှာလေ
မင်းပဲ.................................
ကိုယ့်ရဲ့နှင်းဆီပမာအသည်းနှံလုံးလေးကို
မြေသြဇာကျွေးတယ်၊ရေလောင်းပေးတယ်၊စိုက်ပျိုးပေးတယ်
ဒီလိုနဲ့မင်းစိုက်ပေးတဲ့နှင်းဆီပင်လေး
ရှင်သန်လာခဲ့ပြီလေ
ဒါပေမဲ့လည်းနှင်းဆီတို့ပမာနီပြီး
ဆူးရှိဆိုသလိုပဲနီရဲလှတဲ့မင်းရဲ့
စိမ်းကားမှု့တွေ
ဆူးတွေနဲ့တူတဲ့မင်းအကြည့်တွေက
ကိုယ့်နှံလုံးသားနဲ့တူတဲ့နှင်းဆီလေးကိုအဲ့ဒီလို
ဆူးလွှမ်းနှင်းဆီလေးအဖြစ်
ပြုစားရက်လို့
ဒီဘ၀ဒီမျှနဲ့ပဲကျေနပ်ပါ
No comments:
Post a Comment