Monday, October 31, 2011

အလွမ်းသင့်ပင်လယ်

တော်ဝင်သဇင်ပန်းလိုအမြဲအမြင့်မှာပဲရှိနေတဲ့သူလေးကို
ကြုံရာအချစ်တွေနဲ့ချစ်နေရတဲ့ဆားငံပင်လယ်လို
 အငံဆိုတဲ့အလွမ်းဓာတ်ကိုလူးလိမ့်ခံနေရပြီး
လွမ်းနေရတဲ့ပင်လယ်မောင့်အဖို့တော့
အဲ့ဒီအလွမ်းရောဂါက
ဆူးဝင်လို့နှုတ်ရခက်တဲ့ဂန္တဆူးလို!!!!!!!!!!!!!
နာကျင်စွာပြန်နှုတ်ရမှာထက်စာရင်
မူလအသားထဲစူးနစ်ဝင်စေလိုက်ပြီး
ပင်လယ်ကိုလက်ပစ်ကူးလိုက်မယ်
အင်အားကြီးတဲ့မင်းဆိုတဲ့မုန်တိုင်းကြီးလို
မနှိုင်းယှဉ်နိုင်တဲ့ ငါ့လိုပင်လယ်မှာ
လေလွင့်နေတဲ့ကနူးလှေငယ်လေးတစ်စင်းကို
တိုက်ခိုက်လိုက်မယ်ဆိုရင်လည်း
ကနူးလှေကိုယ်ထည်နဲ့တူတဲ့
ကိုယ့်ရဲ့နှံလုံးသားဟာ
အသွေးသားနဲ့တည်ဆောက်ထားပေမဲ့
ကြမ်းတမ်းခါးသီးလှတဲ့အမုန်းမုန်တိုင်းကို
ခံလိုက်ရတဲ့ကိုယ့်မှာ
အလွမ်းတွေနဲ့ဝေဆာနေတဲ့
ကိုယ့် နှံလုံးလည်းကျေမွပြီး
ပင်လယ်ဟာလည်းအလွမ်းသင့်ပင်လယ်
အဖြစ်ကူးပြောင်းသွားတယ်
ထာဝရချစ်ရသူလေးရယ်








No comments:

Post a Comment