ကြယ်စင်ဘယ်လောက်လာလာ
လမင်းမျက်နှာ ရနံ့သာမှ
ကိုယ်ဘ၀ အလင်းရောင်ဖြာတာပါချစ်သူ
သမိုင်း စာမျက်နှာယံပေါ်မှာ
အရိုင်းတေးများဆန်ဆန်
အထီကျန်စွာကိုယ်တစ်ယောက်တည်း
လမင်းမျက်နှာ ရနံ့သာမှ
ကိုယ်ဘ၀ အလင်းရောင်ဖြာတာပါချစ်သူ
သမိုင်း စာမျက်နှာယံပေါ်မှာ
အရိုင်းတေးများဆန်ဆန်
အထီကျန်စွာကိုယ်တစ်ယောက်တည်း
ဘ၀သက်တန့်တွေကြားဖြတ်ခဲ့ရတယ်
ဒါပေမဲ့
ချစ်သူဆိုတဲ မင်းနဲ့ကိုယ်ကြားမှာ
စကားလေပြေထိုးလို့မပေါက်
ကိုယ်နောက်မှာကပ်လျှက်မင်းအရိပ်
တံဆိတ်နှိပ်စရာ မလိုသလို
မင်းနဲ့ပတ်သက်သမျှ
ဆိုနေကြသီချင်းလည်း ခရီမဆက်ခဲ့ဘူးသူပါ
တစ်ယောက်ပစ်သော မြားစူးကြောင့်
တစ်ယောက်ထဲအပေါ်သာရူးမူးသွားခဲ့
နှလုံးသာမှာ ကိုယ်ပွားဆိုတာမရှိ
သွေးအထိရိုးမြေကျ
မင်းသာဘ၀/ မင်းသာကိုယ့်ရဲ့မီးအိမ်ရှင် ဆိုတာ
သစ္စာ ဆို အလေပြုပါတယ်
ကမ္ဘာမြေထုကို သက်သေပြုပေါ့ ချစ် သူ
No comments:
Post a Comment