သြော်
ရင်နာရပါလား
အချစ်ဆိုတာပြောင်းလဲတတ်တယ်နော်
မမရဲ့ရက်စက်နိုင်စွမ်းကို ကျွန်တော်အံ့သြမိ့ပါတယ်
လက်ထဲက
သီချင်းစာရွက်လေးကိုကိုင်ပြီး
ဘေးက
ဂစ်တာကြည့်ကာတွေးမိ့တယ်
Frappeထဲက အနမ်းတွေ
နှစ်ဦးသားရင်ထဲကအချစ်တွေနဲ့
ရွှေမော်ဓော ဘုရားမှာ
ပြုခဲ့တဲ့သစ္စာကို
ညှာတာပေးပါလို့
တောင်းပန်ချင်ပေမယ့်
စကားလုံးတွေဆွံ့အနေမိ့တယ်
ဘာအပြစ်မှမလုပ်တဲ့
ကျွန်တော်ကို
ဒါမှမဟုတ်
မမ ကို မှ
အရမ်းချစ်မိ့သွားတဲ့
ကောင်လေး တစ်ယောက်ရဲ့
အချစ်တွေကိုမှ
နင်းချေပြီး အပျော်တွဲ
အသည်းခွဲတာမျိုးကတော့
ရက်စက်လွန်းလှပါတယ်..........ချစ်မယ်ဝဏလေးရယ်...........
No comments:
Post a Comment